Local News: ဒုဝန်ကြီးနေရာအတွက် အကျိုးဖြစ်စေမယ့် သူကိုတင်ပြမယ်လို့ ဒေါက်တာအောင်သူပြော

မကြာခင်အချိန်အတွင်း ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

play

 

ရာထူးကနေ ဖယ်ရှားလိုက်တဲ့ လယ်ဆည်ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းရဲ့နေရာမှာ အစားဝင်မယ့် ဒုဝန်ကြီးတစ်ဦးကို မကြာခင်အချိန်အတွင်း ခန့်အပ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဒီဇင်ဘာ ၂  ရက် အမျိုးသားလွှတ်တော်အစည်းဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

‘‘ခန့်မှာပါ။ ခန့်ဖို့ကြိုးစားနေ ပါတယ်။ မကြာခင်တင်မှာလို့ပဲ ပြောပါရစေ။ မိမိအနေနဲ့လည်းပဲ ၀န်ကြီးဌာနအတွက်အကျိုးဖြစ် ထွန်းစေမယ့် အရာကိုဦးတည်ပြီးတော့ တင်ပြရမှာဖြစ်သလို အ ထက်အဖွဲ့အစည်းအနေနဲ့လည်းပဲ သူတို့စဉ်းစားဆင်ခြင်ပြီးလုပ် ကြမှာဖြစ်ပါတယ်။ သမ္မတအဆင့် ကခန့်မှာဆိုတော့လေ’’လို့ ပြည်ထောင်စုဝန်ကြီး ကပြောပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာအတွင်းက တာဝန်ကနေ ရပ်စဲလိုက်တဲ့ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းရဲ့ နေရာအတွက်ခန့်အပ်မယ့်သူတွေကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ