Local News: အမေရိကန်ဒေါ်လာဈေး ၁၄၀၀ အထိရောက်နိုင်တယ်လို့ဆို

ဘတ်ဂျက်လိုငွေများနေပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကြောင့်လို့ ဆိုပါတယ်။

play

 

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာပြီး ပြည်တွင်းမှာ ကုန်သွယ်မှုလိုငွေများလာတာနဲ့အတူ ဘတ်ဂျက်လိုငွေများနေပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကြောင့် အမေရိကန်ဒေါ်လာပေါက်ဈေးက တစ်ဒေါ်လာကို ၁၄၀၀ အထိ ရောက်ရှိနိုင်တယ်လို့ ငွေကြေးဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ငွေကြေးဈေးကွက်မှာ ပါဝင်ပတ်သက်မှု အားနည်းတာတွေကလည်း အခုလို စံချိန်တင် ဈေးနှုန်းတွေရောက် ရှိနေတာဖြစ်ပြီး ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ထိန်းကျောင်းတာမရှိဘဲ ယခုအတိုင်း ဆက်လွှတ်ထားရင် ဒေါ်လာဈေးနှုန်းဆက်တက်နိုင်တယ်လို့ ပြောပါတယ်။

play

 

"အဓိကကျွန်တော်တို့ဆီမှာ ဒေါ်လာဈေး ကမောက်ကမဖြစ်တာက ဒေါ်လာပြန်ဝင်လာဖို့ လိုပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေ လဲလှယ်နှုန်း တက်တဲ့အတွက် ငွေလဲလှယ်နှုန်း ဆွဲတင်တဲ့အတွက် အပြင်က လဲလှယ်နှုန်းတွေ တက်တယ်ဆိုပြီး ထင်ခဲ့ကြတယ်" လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။

အမေရိကန်ဒေါ်လာ ဈေးနှုန်းတွေ မြင့်တက်လာတာက စီးပွားရေးအတွက် ကောင်းမွန်တဲ့ အရာတစ်ခုမဟုတ်ဘဲ သွင်းကုန်ကိုသာ အဓိက အားထားနေရတဲ့ မြန်မာနိုင်ငံအတွက် အဆိုပါ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်တဲ့ဒဏ်ကို ရင်ဆိုင်လာရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

Source : The Voice

Photos : MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ