Local News: မလေးရှားဝန်ကြီးချုပ်နဲ့ နိုင်ငံသားတွေကို တန်ပြန်ဆန္ဒပြပွဲပြုလုပ်

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တာပါ။

play

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဆန္ဒပြတာတွေပြုလုပ်ခဲ့တဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ မလေးရှားနိုင်ငံသားတွေကို  တန်ပြန်ဆန္ဒပြကန့်ကွက်ပွဲကို ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၂၀၀ကျော်က ဒီနေ့(ဒီဇင်ဘာ၎ရက်) မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီနေ့မနက်ပိုင်းကလည်း မလေးရှားနိုင်ငံမှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို အကြမ်းဖက်မှုရပ်တန့်ပေးဖို့ဆိုပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်ခ် ကိုယ်တိုင်ဦးဆောင်ပြီး ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေက ဆန္ဒပြကန့်ကွက်နေတာပါ။

play

 

လတ်တလောဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး  မြန်မာ့ပြည်တွင်းရေးကို ဖိအားပေးနေတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ကို မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက ဒီဇင်ဘာ ၃ ရက်မှာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : 7DayDaily( Kyaw Zin Than)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ