Local News: ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အခါလွန်မိုးတွေရွာမယ်

မိုးလွန်ကာလ စတုတ္ထမြောက်မုန်တိုင်းအရှိန်ကြောင့် ရွာသွန်းနိုင်တာပါ။

play

 

ဘင်္ဂလားပင်လယ်အော်မှာဖြစ်လေ့ရှိတဲ့ မိုးလွန်ကာလ စတုတ္ထမြောက်မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ပထမပတ် (၄-၁၆)ရက်အတွင်း အချိန်အခါမဟုတ် အခါလွန်မုန်တိုင်းမိုးတွေ ရွာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က  သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးထားပါတယ်။

၂၀၁၆ ခုနှစ် မိုးလွန်ကာလ(အောက်တိုဘာလ မှ ဒီဇင်ဘာလ)အတွင်း စတုတ္ထမြောက်မုန်တိုင်းဖြစ်လာဖို့ရှိနေပြီး အဆိုပါမုန်းတိုင်းက အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေကို ဒီဇင်ဘာလ(၁၁)ရက်နေ့လောက်မှာ ၀င်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီမုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂ ရက်ကနေ ၈-ရက်အထိ ပထမရက်တစ်ပတ်အတွင်း ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းအနောက်မြောက်ပိုင်း၊ ပဲခူးတိုင်းမြောက်ပိုင်း၊ မကွေးတိုင်းအနောက်ပိုင်း၊ မန္တလေးတိုင်းအရှေ့တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ  နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၉ ရက်ကနေ ၁၆ ရက်အထိဖြစ်တဲ့ ဒုတိယရက်တစ်ပတ်တွင်းမှာတော့ မွန်ပြည်နယ်ကလွဲပြီး တပြည်လုံးမှာ နေရာ ကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

Source & Photo : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ