Local News: မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်နိုင်ပြီဟုသိရ

, updated

တပ်မတော်စစ်ကြောင်းများက လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်ဆင့်ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုများကို ထိုးဖော်ကျော်လွှားပြီး မုံးကိုးတပ်စခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ပါတယ်။

play


ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပူးပေါင်းအဖွဲ့က အင်းအားသုံး ဝိုင်းပတ်တိုက်ခိုက်နေခဲ့တဲ့ မုံးကိုးတပ်စခန်းသို့ စစ်ကူးပေးရန် တပ်မတော်စစ်ကြောင်းများ ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှာ ရောက်ရှိခဲ့ပြီးနောက် မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

play


KIA၊ TNLA၊ MNDAA နဲ့ AA လက်နက်ကိုင်အဖွဲ့များက ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား  နိုဝင်ဘာ ၂၀ ရက်မှစပြီး ယနေ့ (ဒီဇင်ဘာ ၄ ရက်) အထိ ၁၄ ရက်အကြာ ဝိုင်းပတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကူပေးရန် လာရောက်တဲ့ တပ်မတော်စစ်ကြောင်းများက လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်ဆင့်ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုများကို ထိုးဖော်ကျော်လွှားပြီး မုံးကိုးတပ်စခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

တပ်မတော် စစ်ကြောင်းများက မုံးကိုးမြို့အတွင်း အသေးစိတ် ရှင်းလင်းမှုတွေကြောင့် မြို့တွင်းရှိ လက်နက်ကိုင်အဖွဲ့များ ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးလျက်ရှိပြီး မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်နိုင်ပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ