Local News: ထိုင်းအသင်းကို ရှုံးပေမဲ့ စည်းကမ်းရှိရှိအားပေးပြီး အမှိုက်ကောက်ခဲ့တဲ့ မြန်မာပရိသတ်

ပရိသတ်အချို့က ပွဲအပြီးမှာ အမှိုက်ကောက်ခဲ့ကြပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ ပထမအကျော့ အကြိုဗိုလ်လုပွဲစဉ်မှာ မြန်မာအသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ မြန်မာပရိသတ်တွေက ဆူပူမှုမရှိဘဲ စည်းကမ်းရှိရှိအားပေးခဲ့ကြပြီး ပရိသတ်အချို့က ပွဲအပြီးမှာ အမှိုက်ကောက်ခဲ့ကြတယ်လို့ သိရပါတယ်။

‘‘ဘယ်အသင်းနဲ့ပဲ ကန်ကန် မြန်မာအသင်းကိုပဲ နိုင်စေချင် ကြတာပဲ။ ဒါပေမဲ့ ထိုင်းအသင်း ကို မနိုင်လောက်ဘူးဆိုတာ သိပေမဲ့ သရေလောက်ရမယ်လို့ ထင်ပြီး လာအားပေးတာ။ ရှုံး သွားခဲ့ပေမဲ့ ကစားသမားတွေ ရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ရတဲ့အခါ ရင်ထဲမှာခံစား ရပေမဲ့ သူတို့တွေ စိတ်ဓာတ် မကျအောင်  အကောင်းဆုံး ပံ့ပိုး ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ အချင်းချင်းကလည်း ထိန်းထိန်း သိမ်းသိမ်းရှိခဲ့တော့ ဟိုအရင်တွေ တုန်းကလို ဆူပူတာတွေမရှိတော့ဘူး’’လို့ အင်းစိန်မြို့နယ်ကနေ ဘောလုံးပွဲလာရောက်ကြည့်ရှုသူတစ်ဦးက ပြောပါတယ်။

play

 

ဒီဇင်ဘာ ၄ ရက်က ရန်ကုန် မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနဲ့ ထိုင်းပွဲစဉ်ကို ပရိသတ် သုံးသောင်းသုံးထောင်ကျော်က ကွင်းလုံးပြည့် လာရောက် ရောက်ကြည့်ရှုခဲ့ကြပြီး မြန်မာအသင်းရှုံးနိမ့်တဲ့ ပွဲစဉ်တိုင်းမှာ ဖြစ်လေ့ရှိတဲ့  ပရိသတ်အချို့က ထိုင်ခုံရိုက်ချိုးတာတွေ၊ ကွင်းထဲကို ရေသန့်ဘူး၊ ဖိနပ်တွေနဲ့ ပစ်ပေါက်ခဲ့တဲ့ အစဉ်အလာရှိပေမဲ့ အဆိုပါဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ လွန်ခဲ့တဲ့ ပွဲစဉ်တွေကလို  ပရိသတ်များက အကောင်းဆုံးအားပေးကာ အဆင့်အတန်းကို ပြသနိုင်ခဲ့ပါတယ်။

Source & Photo : 7DayDaily

မြန်မာဘောလုံး ပရိသတ်အပေါ် သင်ဘယ်လိုမြင်ပါသလဲ ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ