Local News: စမ်းချောင်းငွေလဲကောင်တာ ဓားပြတိုက်သူ နှစ်ဦးရဲ့ဓာတ်ပုံထုတ်ပြန်

တွေ့ရှိရင် သတင်းပေးနိုင်ဖို့ ထုတ်ပြန်ခဲ့တာပါ။

play

 

ဒီဇင်ဘာလ ၃ ရက်က စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်းထဲက ငွေလဲကောင်တာတစ်ခုကို သေနတ်နဲ့ ဓားပြတိုက်ခဲ့သူ နှစ်ဦးကို သတင်းပေးတိုင်းကြားနိုင်ဖို့ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံတွေရဲ့ ဓာတ်ပုံကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့က (ပ)၄၁၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇/၁၁၄ နဲ့ အမှုဖွင့် စုံစမ်းဆောင်ရွက်နေပြီး  ပြစ်မှုကျူးလွန်သူ နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ အသားညို၊ အရပ်ပု၊ ဆံပင်ပါး၊ ခပ်၀၀လူငယ်အမျိုးသားက ဘယ်ခြေထောက်မသန်လို့ လမ်းလျှောက်တဲ့အချိန်မှာ ပုံမှန်မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

play

 

အများပြည်သူတွေအနေနဲ့ ပြစ်မှုကျူးလွန်သူ နှစ်ဦးကိုတွေ့ရှိရင်လည်း ဖုန်းနံပါတ်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၁၉၉၊ ၀၁ ၂၃၂၃၁၉၉၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆၊ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၃၅၉၀၅ နဲ့ စမ်းချောင်းမြို့မရဲစခန်း - ၀၁ ၅၃၅၁၈၄ တို့ကို ဆက်သွယ်သတင်းပေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

Source & Photos : Yangon Police

ငွေလဲကောင်တာ ဓားပြတိုက်သွားတဲ့သူတွေကို ဖမ်းမိမယ်လို့ ထင်ပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ