Local News: သမ္မတနဲ့ မြန်မာတပ်ချုပ်ကို မလေးရှားတပ်ချုပ် လာရောက်တွေ့ဆုံ

 ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စတွေဟာ အဆိုပါဒေသရှိ ဘင်္ဂါလီတွေအနေနဲ့ ဥပဒေနဲ့အညီ လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်ရာက ဖြစ်ပေါ်လာခြင်း ဖြစ်တယ်။

play

 

မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒေါက်တာဟာဂျီဇူကီဖလီ ဘင်မိုဟာမက်ဇင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို ဒီဇင်ဘာ ၅ ရက်က လာရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ပျံ့နှံ့နေမှု၊ ထိုသို့ သတင်းမှားတွေ ပျံ့နှံ့မှုတွေကြောင့် အထင်အမြင်လွဲမှားမှုတွေ မြင့်တက်နေမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေတဲ့ အခြေအနေနဲ့ စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စတွေဟာ အဆိုပါဒေသရှိ ဘင်္ဂါလီတွေအနေနဲ့ ဥပဒေနဲ့အညီ လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်ရာက ဖြစ်ပေါ်လာခြင်း ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မလေးရှားတပ်ချုပ်ကို ပြောကြားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Photos & Source: 7Day Daily, EPA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ