Local News: မြန်မာနဲ့ထိုင်းပွဲမှာ ဖမ်းဆီးခံရသူပေါင်း ၃၆ ဦးရှိ

အော်ဟစ်ဆူပူ သောင်းကျန်းကာ ထိုင်ခုံတစ်လုံး ဖျက်ဆီးခဲ့တဲ့ ပရိသတ်တစ်ဦးကို ထောင်ဒဏ်ခုနစ်ရက်ချမှတ်ခဲ့တယ်။

play

 

 မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်တဲ့ပွဲမှာ ဆူပူသောင်းကျန်းသူတွေ၊ လက်နက်ကိုင်ဆောင်သူတွေနဲ့ မှောင်ခိုလက်မှတ်ရောင်းသူတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

 ဆူပူသောင်းကျန်းခဲ့တဲ့ အမျိုးသား ၂၄ ဦး၊ ဓားနဲ့ လောက်လေးခွယူဆောင်သူ အမျိုးသားခြောက်ဦးနဲ့  မှောင်ခိုလက်မှတ်ရောင်းဝယ်သူ အမျိုးသမီးနှစ်ဦး၊ အမျိုးသားလေးဦးတို့ကို အမှုဖွင့်အရေးယူထားပြီး ၂၄ ဦး ကိုတော့ ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။

 မော်တော်ယာဉ်ပေါ်မှာ ဓားနဲ့ လောက်လေးခွ၊ လောက်စလုံးတွေ တင်ဆောင်လာတာကြောင့် ယာဉ်မောင်းအပါအဝင် အမျိုးသားခြောက်ဦးကို သင်္ဃန်းကျွန်း မြို့မရဲစခန်းက လက်နက်ဥပဒေ ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားထားပါတယ်။

မြန်မာနဲ့မလေးရှားတို့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာလည်း အရက်သေစာသောက်စားပြီး အော်ဟစ်ဆူပူ သောင်းကျန်းကာ ထိုင်ခုံတစ်လုံး ဖျက်ဆီးခဲ့တဲ့ ပရိသတ်တစ်ဦးကို ထောင်ဒဏ်ခုနစ်ရက်ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ