Local News: ဘင်္ဂါလီအရေး တင်းမာမှုကြောင့် မြန်မာလုပ်သားတွေ နေရပ်ပြန်သွားမှာကို မလေးရှား လုပ်ငန်းရှင်တွေ စိုးရိမ်နေ

ဒေသခံအငြိမ်းစားတွေကိုပါ အစားထိုးခန့်အပ်ရနိုင်တယ်။

play

 

ဘင်္ဂါလီအရေးမှာ မြန်မာနှင့် မလေးရှားအစိုးရကြား သဘောထား ကွဲလွဲနေမှုက နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ မလေးရှားလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MEF)က သတိပေးပြောကြားလိုက်ကြောင်း သိရပါတယ်။

အကျိုးဆက်အနေနဲ့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်သိန်းကျော်ကို ပြန်လည်ခေါ်ယူမယ့် အခြေအနေဖြစ်လာနိုင်ကြောင်း MEF အမှုဆောင်ဒါရိုက်တာ ရှမ်ဆူဒင်ဘာဒန်က မှတ်ချက်ပေး ထားပြီး  မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၄၁,၈၅၈ ဦးရှိတာ ဖြစ်ပါတယ်။

 ၇၁ ရာခိုင်နှုန်းဟာ ကုန်ထုတ်စက်မှု လုပ်ငန်းတွေမှာ  လုပ်ကိုင်နေကြတာဖြစ်ပြီး အကယ်၍ မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ယူသွားမယ်ဆိုရင် မလေးရှားလုပ်ငန်းရှင်တွေအနေနဲ့ အဆိုပါလစ်ဟာချက်ကို ဖြည့်ဆည်းဖို့ ဒေသခံအငြိမ်းစားတွေကိုပါ အစားထိုးခန့်အပ်ရနိုင်တယ်လို့  ရှမ်ဆူဒင်က ပြောကြားထားပါတယ်။

တစ်ချိန်တည်းမှာပဲ မလေးရှားနိုင်ငံအတွင်း တရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေးအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) တွေ နေ့ချင်းပြီးထုတ် ပေးနေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ ၅ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ