Local News: ပွင့်လင်းစွာ သတင်းအမှန်ထုတ်ပြန်ဖို့ သမ္မတနှင့် ကိုဖီအာနန်ဆွေးနွေး

ဒီဇင်ဘာ ၅ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

play

 

နိုင်ငံတော်သမ္မတနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်တို့တွေ့ဆုံစဉ် မမှန်ကန်တဲ့ ကောလာဟလ သတင်းတွေအပေါ် မှန်ကန်စွာတုံ့ပြန်ပြီး ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၅ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်ရှိ နှစ်ဖက်အသိုင်းအဝိုင်းအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပါမှု၊ မမှန်ကန်တဲ့ ကောလာဟလသတင်းတွေအပေါ် မှန်ကန်စွာ တုံ့ပြန်ကာ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့ အရေးကြီးမှု၊ နှစ်ဖက်အသိုင်းအဝိုင်းအကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ လိုအပ်မှု၊ စီးပွားရေးပိုမိုဖြစ်ထွန်းပေါ်ပေါက်ရေး၊ ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ အခွင့်အရေးတွေရရှိရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ခဲ့တယ်လို့လည်း သိရပါတယ်။

Source:7Day Daily
Photos: ဟိန်းထက် / အီးပီအေ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ