Local News: မုန်တိုင်းငယ်အားကောင်းလာလို့ ကမ်းရိုးတမ်းဒေသတွေမှာ လေပြင်းတိုက်ခတ်မယ်

မြန်မာနိုင်ငံဒေသအချို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းငယ်အဖြစ် အားကောင်း လာနိုင်လို့  မြန်မာနိုင်ငံဒေသအချို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး  မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်ခတ် နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကတည်းကစပြီး လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေကာ မုန်တိုင်းငယ်အဆင့်ကို ၁၂ နာရီအတွင်း ရောက်ရှိလာနိုင်တယ်လို့ မိုးဇလဌာနက ဒီဇင်ဘာ ၅ ရက် ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

လောလောဆယ်မှာတော့  ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ အရှေ့ဘက်ကနေလေ ပြင်းတွေတိုက်ခတ်ပြီး တစ်နာရီလေတိုက်နှုန်း ၃၅ မိုင်အထိ အားကောင်းနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အားကောင်းလာပြီး ဒီဇင်ဘာ ၉ ရက်နောက်ပိုင်းမှာ အပူပိုင်းမုန်တိုင်းအဆင့် ရောက်လာနိုင်ပြီး အိန္ဒိယနိုင်ငံကမ်းခြေကို ဝင်ရောက်နိုင်တယ်လို့ ဒီဇင်ဘာ ၄ ရက်မှာ ခန့်မှန်းထားပါတယ်။

Source : 7DayDaily

Photo : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ