Local News: ဆိုးသွမ်းရမ်းကားတဲ့ ခါးပိုက်နှိုက်သုံးဦးကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်စုံစမ်းနေ

တစ်ယောက်ကို ဖမ်းမိထားပါတယ်။

play

 

ခရီးသည်တင်ယာဉ်ပေါ်ကနေ ဆင်းလာတဲ့ လူငယ်တစ်ဦးကို အမျိုးသားလေးဦးက ဝိုင်းဝန်းထိုး ကြိတ်နေတုန်း သွားရောက်ဟန့်တားခဲ့တဲ့ အမျိုးသားကို လူလေးဦးက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်မှာပါဝင်ပြီးထွက်ပြေးသွားတဲ့ လူသုံးဦး ဖမ်းဆီးနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လှိုင်မြို့နယ် (၁၆)ရပ်ကွက်မှာနေတဲ့ ဦးမြင့်နိုင်က အုတ်ကျင်းကားမှတ်တိုင်မှာ ကားစောင့်ဆိုင်းနေတုန်း လှည်းတန်းဘက်ကနေ သမိုင်းလမ်းဆုံဘက်သို့ မောင်းနှင်လာတဲ့ ၂၂၆ ခရီးသည်တင်ယာဉ်ပေါ်က လူငယ်တစ်ဦးနဲ့ အမျိုးသားလေးဦး ဆင်းလာပြီး လူငယ်ကို အမျိုးသားလေးဦးက ဝိုင်းဝန်းထိုးကြိတ်နေတုန်းမှာ ဦးမြင့်နိုင်က ဝင်ရောက်ဟန့်တားတာကနေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

‘‘ရိုက်တဲ့သူတွေက ခါးပိုက်နှိုက်တွေ။ ကားပေါ်က ဆင်းလာတဲ့ ကောင်လေးကို ဝိုင်းထိုးနေလို့ ဟိုဦးလေးက မလုပ်ဖို့ တားတာ ကို ဝိုင်းရိုက်တာ။ လမ်းလယ်မှာ ကတည်းက ဝိုင်းထိုးနေတာ။ ဒီဘက်ကားလမ်းရောက်လာတော့ ပထမ ဘယ်သူဖြစ်မှန်းမသိဘူး။ နောက်မှ အဲဒီအပေါ်ထပ်မှာနေတဲ့ ဦးလေးမှန်းသိတာ။ သူကလည်း ပါးစပ်က အော်တော့ ဆိုက်ကားသမားတွေ ဝိုင်းလာပြီး ရိုက်တော့ ထွက်ပြေးသွားတယ်။ တစ်ယောက်တော့ မိတယ်’’လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦး ကပြောပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ CCTV မှတ်တမ်းက လူမှုကွန်ရက်စာမျက်မှာမှာ ပျံ့နှံ့ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားလေးဦးအနက် လှိုင်သာယာမြို့နယ်ထဲမှာ နေထိုင်တဲ့ အသက်(၂၃)နှစ်အရွယ် ဆန်းဝင်းကိုကို အနီးအနားက အနှေးယာဉ်လုပ်သားတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လွတ်မြောက်နေသူသုံးဦးကို ဆက်လက်စုံစမ်းနေတယ်လို့ လှိုင်မြို့နယ်ရဲစခန်းကနေ သိရပါတယ်။

Source : 7DayDaily

Photo : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ