Local News: မုံးကိုးမြို့ ပတ်ဝန်းကျင်မှာ နယ်မြေရှင်းလင်းရေးလုပ်တာကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကူရောက်ရှိခဲ့တဲ့ တပ်မတော်စစ်ကြောင်းတွေက သိမ်းဆည်းရမိခဲ့တာပါ။

play

 

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့ကို ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီလောက်က စစ်ကူရောက်ရှိခဲ့တဲ့ တပ်မတော် စစ်ကြောင်းတွေက မုံးကိုးမြို့လုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှုရှိစေဖို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

play

 

နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတွေက မုံးကိုးမြို့ အမှတ်(၂)ရပ်ကွက်က နေအိမ်တစ်လုံးကို ၀င်ရောက်ရှင်းလင်းစဉ် နေအိမ်ထဲကနေ လက်နက်ကိုင်အဖွဲ့တွေ ဆုတ်ခွာထွက်ပြေးရာမှ ကျန်ရစ်ခဲ့တဲ့ RPG တစ်လက်၊ အမ် ၂၂ သေနတ် သုံးလက်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ခြောက်လုံးနဲ့ မိုင်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

play

 

တပ်မတော်စစ်ကူစစ်ကြောင်းတွေ မုံးကိုးမြို့ကိုရောက်ရှိတဲ့အချိန်ကနေ ဒီနေ့အချိန်အထိ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်တာကနေ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၃၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ခြောက်လုံး၊ မိုင်း တစ်လုံးနဲ့ အလောင်းတချို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Source & Photos : State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ