Local News: ရန်ကုန်မြို့က ငွေလဲကောင်တာတွေကို လုံခြုံရေးတိုးမြှင့်ဖို့ ပြင်ဆင်နေ

လုံခြုံရေးဝန်ထမ်းတွေနဲ့ CCTV ကင်မရာတွေကိုလည်း တိုးချဲ့နေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက စမ်ချောင်းမြို့နယ် ရှမ်းကုန်းလမ်းမှာရှိတဲ့ ငွေလဲကောင်တာတစ်ခုကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရန်ကုန်မြို့ထဲက ငွေလဲကောင်တာတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

လုံခြုံရေးအစီအမံတိုးမြှင့်တဲ့နေရာတွေမှာ လုံခြုံရေးဝန်ထမ်းတိုးမြှင့်ဖို့ စီစဉ်နေကြသလို CCTV ကင်မရာတွေကိုလည်း တိုးချဲ့တပ်ဆင်ဖို့ စီစဉ်နေကြပြီး နေ့ခင်းကြောင်တောင် လုယက်မှု ဖြစ်ခဲ့တဲ့အတွက် အရင်ထက်ပိုပြီး သတိနဲ့ဆောင်ရွက်ဖို့ ဝန်ထမ်းတွေကိုပိုင်ရှင်တွေက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

play
လုယက်မှုဖြစ်ပွားခဲ့သည့် စမ်းချောင်းမြို့နယ်က ငွေလဲကောင်တာကိုတွေ့ရစဉ်။

 

လက်ရှိအချိန်အထိတော့ ငွေလဲကောင်တာကို ဓားပြတိုက်သွားတဲ့သူတွေကို မဖမ်းဆီးနိုင်သေးဘဲ သူတို့ ဓာတ်ပုံကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တွေ့ရှိသူတွေ တိုင်ကြားနိုင်ဖို့ ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လထဲကလည်း ရန်ကုန်မြို့ ပြည်လမ်းပေါ်က Farmer ငွေလဲကောင်တာကို အမည်မသိလူလေးဦးက ၀င်ရောက်ပြီး ငွေသိမ်းဝန်ထမ်းအားရိုက်နှက်ကာ ငွေကျပ်သိန်း ၃၅၀ လောက် လုယူထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။

Source : 7DayTV

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ