Local News: ဒီဇင်ဘာ ၇ ရက်ကစပြီး ကုန်သေတ္တာတင်ယာဉ်တွေ ညဘက်ပဲ ဆွဲရတော့မယ်

ည ၉ နာရီကနေ နောက်နေ့ မနက် ၆ နာရီအထိပဲ ဖြတ်သန်းမောင်းနှင်ရတော့မှာပါ။

play

 

ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောကြပ်တည်းမှု ဖြေလျော့ဖို့အတွက် ကိုးတန်အထက် မော်တော်ယာဉ်၊ ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်တွေကို ကမ်းနားလမ်း (ကမ်းနားလမ်းသစ်မပါ) ဘုရင့်နောင်လမ်းမကြီးတို့မှာ နေ့စဉ် ည ၉ နာရီကနေ နောက်တစ်နေ့ မနက် ၆ နာရီအထိပဲ ဖြတ်သန်းမောင်းနှင်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ဟင်းသီးဟင်းရွက်နဲ့ ကုန်စိမ်းသယ်ယာဉ်တွေကိုတော့ ၂၄ နာရီ ဖြတ်သန်းခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

play

 

ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေက ရန်ကုန်မြို့ကမ်းနားလမ်း (ကမ်းနားလမ်းသစ်မပါ)နဲ့ ဘုရင့်နောင်လမ်းမကြီးတို့မှာ ယာဉ်+ကုန်ပစ္စည်းတန်ချိန် ကိုးတန်အောက် မော်တော်ယာဉ်တွေကို ၂၄ နာရီမောင်းနှင်ခွင့်ပြုမှာဖြစ်ပြီး ကိုးတန်နဲ့အထက် မော်တော်ယာဉ်တွေကိုတော့ နေ့စဉ်  ည ၉ နာရီကနေ နောက်နေ့မနက် ၆ နာရီအထိပဲ ဖြတ်သန်း မောင်းနှင်ခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။

ကုန်တင်ယာဉ်တွေအနေနဲ့ ကမ်းနားလမ်း (ကမ်းနားလမ်းသစ်အပါအဝင်)နဲ့ ဘုရင့်နောင်လမ်းမကြီးအပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လမ်းတွေပေါ်မှာ  ရပ်နားခြင်းမပြုဖို့ တားမြစ်ထားပြီး ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေ ညအချိန် ဖြတ်သန်းသွားလာတာကို  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့မှ ကြီးကြပ်ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

Source : MOI

Photos : 7DayDaily

ကွန်တိန်နာကားတွေကို ညဘက်မောင်းရင် ယာဉ်ကြောပိတ်ဆို့တာ နည်းသွားမယ်လို့ ထင်ပါလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ