Local News: ရခိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့ ကိုဖီအာနန်ပြော

လွှတ်တော်ကိုယ်စားလှယ်တချို့ကို ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်အရေးကိစ္စတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမျာ ရခိုင်ပြည်နယ်ထဲက လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့ လွှတ်တော်ကိုယ်စားလှယ်ငါးဦးတို့ ဒီနေ့မနက်ပိုင်းက လွှတ်တော်ဝင်း I -20 အဆောင်မှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးတုန်းမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ကိုဖီအာနန်ခေါင်းဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးတာတွေမလုပ်ဖို့ အဖွဲ့အစည်း ၇၀ကျော် ပါဝင်တဲ့ ရခိုင်လူမှုအဖွဲ့ စည်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကဆုံးဖြတ်ခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော်ဆုံးဖြတ်ချက်ကို အလေးအနက်ထားဆောင်ရွက်ဖို့နဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်အဖွဲ့ကို ဖျက်သိမ်းဖို့ ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အကြံဉာဏ်ပေးနိုင်ဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စေပြီး  နိုင်ငံတကာနဲ့ ပြည်တွင်းကနေ အများယုံကြည်ရတဲ့ ပုဂ္ဂိုလ်ကိုးဦးနဲ့ လွန်ခဲ့တဲ့ သြဂုတ်လထဲမှာ အစိုးရက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Source : 7DayDaily

Photo : 7DayDaily

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ