Local News: ပြည်တွင်းလေကြောင်းလိုင်းတွေအားလုံး လေဆိပ်သစ်မှာပဲ ပြေးဆွဲရတော့မယ်

ဒီဇင်ဘာလ ၉ ရက်ကစပြီး ပြေးဆွဲရမှာပါ။

play

 

ပြည်တွင်းမှာပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအားလုံး လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ကစပြီး  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းလေဆိပ်သစ် Terminal-3 မှာ ရွှေ့ပြောင်းပြေးဆွဲရတော့မယ်လို့ သိရပါတယ်။

‘‘Domestics ဆိုပေမဲ့ International လောက်ကို ကောင်းပါတယ်။ ဒီစီမံကိန်းမှာ အစိုးရဘတ်ဂျက်မပါဘူး။ YACL ကုမ္ပဏီကပဲ အကုန်အကျခံတည် ဆောက်တာပါ။ လက်ရှိအသုံးပြု နေတဲ့ ပြည်တွင်းခရီးသည်လေဆိပ် အဆောက်အအုံကို ဒီလအတွင်းမှာ နိုင်ငံတကာလေဆိပ်တွေ ဖြစ်တဲ့ Terminal 1 နဲ့ Terminal 2 တွေကို ဆက်စပ်ပေးတဲ့ အ ဆောက်အအုံအဖြစ် ဆောက်လုပ်သွားမှာပါ’’လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်။

play

 

ဒီဇင်ဘာလ ၅ ရက်နေ့ကဖွင့်လှစ်လိုက်တဲ့ အဆိုပါလေဆိပ်အဆောက်အဦက အကျယ်အဝန်း အလျား ၁၈၀ မီတာ၊ အနံ ၅၆ မီတာနဲ့  စတုရန်းမီတာ လေးသောင်းကျော် အကျယ်အ၀န်းရှိပြီး Terminal-3 လေဆိပ်သစ်ကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ Yangon Aerodrome ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်ခဲ့ကာ စင်ကာပူနိုင်ငံ စီပီဂျီရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပလေကြောင်းလိုင်း ၂၉ လိုင်းနဲ့  ပြည်တွင်းလေကြောင်းလိုင်း ကိုးလိုင်းတို့က ဝန်ဆောင်မှုပေးနေပြီး ပြည်တွင်းခရီးသည်လေဆိပ် အ ဆောက်အအုံမှာ နေ့စဉ် ပြည်ပခရီးသည် ခြောက်ထောင်ခန့်နဲ့  ပြည်တွင်းခရီးသည် ခြောက်ထောင်ခန့် အသုံးပြုဝင်ထွက်သွားလာနေတယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ