Local News: သိန်းပေါင်း ၂၀,၀၀၀ အလွဲသုံးထားတဲ့ ရိုးမဘဏ် အဆင့်မြင့်ဝန်ထမ်းနှစ်ဦးကို အမှုဖွင့်

ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံပြီး ပြင်ပဘဏ်တစ်ခုမှာ စုဆောင်းခဲ့တာပါ။

play

 

ဘဏ်ကပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ငွေကျပ်သိန်းပေါင်း ၂၀,၀၀၀ လောက်အထိ ကိုယ်ကျိုးရှာခဲ့တဲ့ ဘဏ်စီးပွားရေး လုပ်ငန်း ငွေကြေးဌာနမန်နေဂျာနဲ့ ဌာနတာဝန်ခံတို့ကို အလုပ်ကထုတ်ပယ်ပြီး အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ရိုးမဘဏ်အုပ်ချုပ်မှု အဖွဲ့က ဒီဇင်ဘာ ၃ ရက်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကျင့်ဝတ်မှန်ကန် ရိုးမဘဏ်ဆိုတဲ့ ကျွန်တော်တို့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူကို ၀န်ဆောင်မှုပေးနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘဏ်ရဲ့ အဆင့်မြင့်တာဝန်ထမ်းဆောင်နေသူနှစ်ဦးက ဘဏ်က ပေးအပ်ထားတဲ့ အခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးရှာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့နှစ်ဦးကို တရားစွဲအရေးယူထားပါတယ်"လို့ ရိုးမဘဏ်ဌာနခွဲများဆိုင်ရာ အကြီးအကဲ ဦးမောင်စိန်က ပြောပါတယ်။

play

 

တိုင်ကြားမှုတစ်ခုအရ အထက်ပါ ၀န်ထမ်းနှစ်ဦးက ဘဏ်ရဲ့ဝန်ဆောင်မှုကို အသုံးပြုသူတွေဆီကနေ သတ်မှတ်ထားတဲ့ ၀န်ဆောင်ခ ၁ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံပြီး ငွေကျပ် သိန်းပေါင်း ၂၀,၀၀၀ ခန့် ကို အခြားဘဏ်တစ်ခုမှာ သိမ်းဆည်းထားတယ်လို့ အထောက်အထားတွေနဲ့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့  ဦးမောင်စိန်ကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆိုပါဝန်ထမ်းနှစ်ဦးကို အရေးယူပေးဖို့ ရိုးမဘဏ်အုပ်ချုပ်မှုအဖွဲ့က မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှာ ပြစ်မှု ပုဒ်မ ၄၀၈ နဲ့ အောက်တိုဘာ ၂၀ ရက်က အမှုဖွင့်တိုင်တန်းခဲ့ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးက စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : MMtimes

Photos : MMtimes,Cityguide

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ