Local News: ဘင်္ဂါလီအရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်ချက်ကို ကျေနပ်တယ်လို့ မဘသဥက္ကဋ္ဌ မိန့်ကြား

အစိုးရက ချက်ချင်းတုံ့ပြန်တာကိုလည်း အားရကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။

play

 

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်ကိုကျေနပ်မှုရှိတယ်လို့ မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ) ကမိန့်ကြားလိုက်ပါတယ်။

“စောစောတုန်းကဆိုရင်နိုင်ငံတော်အတိုင်ပင်ခံက ဘင်္ဂါလီအရေးနဲ့ပတ်သက်ရင်ဘာမှမပြောဘူး။ နောက်ပိုင်းမှာဆိုရင် ဘင်္ဂါလီအရေးနဲ့ပတ်သက်ရင်မြန်မာနိုင်ငံဘက်က ရပ်တည်တာ တွေ့ရတယ်။ ဆောင်ရွက်ချက်ကိုကျေနပ်မှုရှိတယ်”လို့ ဆရာတော်ဘဒ္ဒန္တတိလောက ဘိဝံသက မိန့်တော်မူပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ မလေးရှား ပြည်သူတွေက မြန်မာအစိုးရနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စော်ကား ပုတ်ခတ်ဆန္ဒပြပြီး မလေးရှားဝန်ကြီးချုပ်ဦးဆောင်ခဲ့တာက အစွန်းရောက်တွေကိုအားပေးပြီး ဘာသာရေး ပဋိပက္ခတွေ ဖြစ်စေဖို့ ဖန်တီးတာတွေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

Source & Photo : The Voice

သင်ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘင်္ဂါလီအရေးကိစ္စ ဆောင်ရွက်ချက်တွေကို ကျေနပ်မှုရှိပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ