Local News: လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ အသုံးအနှုန်းကို လက်လွတ်စပယ် မသုံးနှုန်းသင့်လို့ ကိုဖီအာနန်ပြော

လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းက ပြင်းထန်တဲ့ စကားလုံးဖြစ်တယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံထဲမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေသည်ဆိုတဲ့ ပြောဆိုမှုတွေကို လက်လွတ်စပယ် မသုံးနှုန်းသင့်ဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ခေါင်းဆောင် ကိုဖီအာနန်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းက ပြင်းထန်တဲ့ စကားလုံးဖြစ်လို့ လက်လွတ်စပယ် မသုံးနှုန်းသင့်ဘဲ ဥပဒေပိုင်းအရ တရားရုံးက ဆုံးဖြတ်ပြီးမှပဲ သုံးနှုန်းသင့်တယ်လို့ မစ္စတာကိုဖီအာနန်က မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့ပါတယ်။"မုဒိမ်းကျင့်တာ ၊ မီးလောင်တာတွေမမြင်ရဘူးဆိုတာ ကျွန်တော်တို့က ပဋိပက္ခဖြစ်နေဆဲကာလမှာ သွားရောက်ခဲ့တာ မဟုတ်ပါဘူး။ ဒေသကို ရောက်တဲ့အချိန်မှာ အသိုင်းအ၀ိုင်းနှစ်ခုအကြားမှာ တင်းမာမှုတွေ ရှိတယ်လို့တော့ ခံစားရပါတယ်"လို့ ကိုဖီအာနန်က ပြောခဲ့ပါတယ်။

play

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေက နှစ်ဖက်လူမှုအသိုင်းအဝိုင်းရဲ့ တင်းမာမှုတွေလျှော့ချပေးရေးကို ရှေးရှုသွားမှာဖြစ်ပြီး အဆိုပါဒေသနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်တာကြောင့် ကော်မရှင်အနေနဲ့ အထူးစိုးရိမ်ပူပန်မှုတွေ ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လူထုအစည်းအဝေးတစ်ခုမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေတယ်လို့  စွပ်စွဲထားပါတယ်။

Source & Photo : Mizzima,Newswatch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ