Local News: မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်တာ ယာယီရပ်ဆိုင်း

လက်ရှိဖြစ်ပွားနေတဲ့ အခြေနေတွေကြောင့် ရပ်ဆိုင်းခဲ့တာပါ။

play

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်းမှာရှိတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေအားလုံးကို မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်တာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေစပြီး ခေတ္တရပ်ဆိုင်းထားဖို့ အကြောင်းကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။

“အသစ်တင်တာကိုလုံးဝ ရပ်လိုက်ပြီ၊ ကျပြီးသား အလုပ်ခေါ်စာတွေ ကိုလွှတ်ချင်တယ်ဆိုရင် အေဂျင်စီအနေနဲ့ ခံဝန်ထိုးရမယ်၊ ပြဿနာ တစ်ခုခုဖြစ်ရင် လွှတ်ထားတဲ့ လူတွေကို ချက်ချင်းပြန်ခေါ်ပေးရမယ်၊ မဖြေရှင်းနိုင်ရင် လိုင်စင်ပိတ်မယ်ဆိုပြီး ဒီကနေ့ပဲ အကြောင်းကြားလာတယ်"လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်တာဝန်ရှိသူ ဦး ကျော်ထင်ကျော်က ဘီဘီစီကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေနေတွေကြောင့် အလုပ်သမားဝန်ကြီးဌာနက အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးဝန်ကြီးချုပ်နဲ့ ပြည်သူတွေက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ