Local News: မြန်မာလုပ်သားတွေ လုံခြုံရေး ပိုမိုဂရုစိုက်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားသံအမတ်ကို ခေါ်ယူပြောဆို

အပြုသဘောနဲ့ လုပ်ရမယ့်ဟာမျိုးကို မလုပ်တာတော့ စိတ်မကောင်းဘူးလို့လည်း ပြောခဲ့ပါတယ်။

play

 

 နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပြီး  မလေးရှားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံအပေါ်ပြောဆိုမှုတွေကို ကန့်ကွက်ကြောင်းနဲ့ မြန်မာလုပ်သားတွေရဲ့ လုံခြုံရေးကို ပိုပြီးဂရုစိုက်ပေးဖို့ ပြောဆိုခဲ့ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးကျော်ဇေယျက ပြောကြားထားတယ်လို့ သိရပါတယ်။

အသုံးအနှုန်းတွေကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပြီး  အာဆီယံကွန်မြူနတီတစ်ခုရဲ့ အဖွဲ့ဝင်မိသားစုဝင်တွေဖြစ်ပေမဲ့ အပြုသဘောနဲ့ လုပ်ရမယ့်ဟာမျိုးကို မလုပ်တာတော့ စိတ်မကောင်းကြောင်းနဲ့  အာဆီယံအတွက် ဆက်ပြီးထိန်းသွားမယ်ဆိုတဲ့အကြောင်းတွေ ပြောတာပါလို့ ဦးကျော်ဇေယျကပြောထားကြောင်း  7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်ဟာ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို ဒီဇင်ဘာ ၆ ရက်က ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကိစ္စကိုလည်း ထည့်ပြောလိုက်ပြီး  သူ့ဘက်ကမှတ်သားပြီးတော့ အဓိကတင်ပြပေးမယ်ဆိုတဲ့ အကြောင်းပြောပါတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောထားကြောင်းသိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ