Local News: မြန်မာနိုင်ငံကို အချိန်ပေးဖို့နဲ့ နားလည်မှုပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ကော်မရှင်က မြန်မာနိုင်ငံခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို တင်ပြခဲ့ပါတယ်။

play

 

ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နေရတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအနေနဲ့ အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့ နားလည်မှုပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အကြံပေးကော်မရှင်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံစဉ်မှာ ကော်မရှင်က မြန်မာနိုင်ငံခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးမှု၊ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများ၊ NV ကတ်စိစစ်ထုတ်ပေးမှု လုပ်ငန်းများနဲ့ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲ၊ စိန်ခေါ်မှုများနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို ကော်မရှင်အား ရှင်းလင်းပြောကြားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားပါတယ်။

Photos & Source: 7Day Daily, Ministry of Foreign Affairs Myanmar (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ