Local News: မိုင်းလားက "ဝ"လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး ဒီဇင်ဘာအကုန်မှာ ပြန်လည်ရုပ်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေ

သတင်း ထွက်ပေါ်နေပေမဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့တွေဆီက အတည်ပြုချက် မရသေးဘူး။

play

 

မိုင်းလားဒေသကို ရောက်ရှိနေတဲ့  ‘ဝ’လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီဇင်ဘာလကုန်မှာ ပြန်လည်ရုပ်သိမ်းဖို့  ဆွေးနွေးသဘောတူညီထားတယ်ဆိုတဲ့  သတင်းတွေ ထွက်ပေါ်နေတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်က ဖော်ပြပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်၊ UWSA နဲ့ NDAA ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ  တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်နေပေမဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့တွေဆီက အတည်ပြုချက် မရသေးဘူးလို့လည်း ဖော်ပြပါတယ်။

သတင်းတချို့ ကြားတာကတော့ ဒီနှစ်ကုန်၊ ဒီလကုန်ဖြစ်ပြီး အားလုံးပြန်ထွက်ခွာမယ်လို့တော့ သဘောတူထားတယ်လို့ ပြောတာပဲလို့ ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားထားတယ်လို့လည်း ဖော်ပြပါတယ်။

တစ်နေ့က နှစ်ရာကျော် ဆုတ်သွားတယ်လို့ ကြားပေမဲ့ နားလည်သဘောပေါက်တာကတော့ လမကုန်ခင်မှာ အားလုံးပြန်ရွှေ့ပြီးဖြစ်မယ်လို့ မျှော်လင့်တာပါ လို့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တစ်ဦးက မိုင်းလားဒေသမှ ‘ဝ’ လက်နက်ကိုင်အဖွဲ့တွေ ရုပ်သိမ်းမယ့် အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Source: 7Day Daily
Photos: Ye Thiha (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ