Local News: မြန်မာမှာ ဗီယမ်နမ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ တိုက်တွန်းမယ်လို့ ဗီယမ်နမ်သမ္မတပြော

ဗီယက်နမ်က ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ဖို့ ဆန္ဒရှိကြောင်း သမ္မတထရမ်ဒိုင်ကွမ်က ပြောကြားတာ ဖြစ်ပါတယ်။

play

 

 မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းသွားမှာဖြစ်တယ်လို့  ဗီယက်နမ်သမ္မတ ထရမ်ဒိုင်ကွမ်က ပြောကြားကြောင်း သိရပါတယ်။

ဗီယက်နမ်နိုင်ငံကို ရောက်ရှိ နေတဲ့  မြန်မာအစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို ဟနွိုင်းမြို့မှာ  ဒီဇင်ဘာ ၅ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာကောင်းတွေကို ဖော်ဆောင်လိုကြောင်းလည်း  ဗီယက်နမ်သမ္မတက   ပြောကြားခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ငါးမွေးမြူရေး၊ သတ္တုတူးဖော်ရေးနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနယ်ပယ်တွေမှာ ဗီယက်နမ်က ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ဖို့ ဆန္ဒရှိကြောင်း သမ္မတထရမ်ဒိုင်ကွမ်က ပြောကြားတာ ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကလည်း ဗီယက်နမ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အသိအမှတ်ပြုချီးကျူးခဲ့ပြီး  မြန်မာအပါအဝင် နိုင်ငံပေါင်းများစွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့စံနမူနာကောင်းတစ်ခုအဖြစ် ဗီယက်နမ်ကို ရှုမြင်ထိုက်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Photos & Source: Vietnam News, 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ