play

 

ဘုရားဖူးဧည့်သည်တွေ တည်းခိုနိုင်ဖို့ ကျိုက်ထီးရိုးစေတီတော်ရင်ပြင်နဲ့ ပတ်ဝန်းကျင်မှာဖွင့်လှစ်ထားတဲ့ ဓမ္မာရုံတွေ၊ တည်းခိုခန်းတွေမှာ ဂေါပကအဖွဲ့က သတ်မှတ်ထားတဲ့ တည်းခိုခနှုန်းထား တွေထက် ပိုမိုတောင်းခံရင် ဂေါပကအဖွဲ့ဆီကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

‘‘ဈေးပိုပေးနေရတဲ့ ကိစ္စတွေ က စည်းကမ်းချက်သတ်မှတ်ထား ပြီးသား။ အခုအချိန်အထိ ကျွန်တော်တို့တွေကို မတိုင်ကြဘူး။ တစ်ခုရှိတာက လည်း ဒီလိုလေ လူကအရမ်းများတဲ့အချိန်ကျတော့ ဘုရားဖူးနဲ့ အခန်းရှင်နဲ့က သူတို့ဟာ သူတို့ပြေ လည်သွားလို့ မပြောတာတွေ လည်းရှိတာပေါ့လေ။ ကျွန်တော် တို့ကတော့ သတ်မှတ်ထားတာပဲ။ ဒါပေမဲ့ သူတို့ အချင်းချင်း ပြေလည်လို့ ဘာမှကွန်ပလိန်းမလာရင် ကျွန်တော်တို့က ဘာမှလုပ် လို့မရပါဘူး"လို့ ကျိုက်ထီးရိုးစေ တီတော် ဂေါပကအဖွဲ့ဝင် ဒေါက် တာခင်ဆောင်က ပြောပါတယ်။

play

 

စေတီတော်ကို ဘုရားဖူးလာရောက်တဲ့ ဘုရားဖူးပြည်သူတွေသူတွေ အဆင်ပြေပြေ တည်းခိုနေထိုင်နိုင်ဖို့ သတ်မှတ်ထားတဲ့ ဓမ္မာရုံများ၊ တည်းခိုခန်းများမှာ လူတစ်ဦးကို ကျပ်ငါးထောင်နဲ့  တစ်သောင်းနှုန်းသတ်မှတ်ထားပေမဲ့ ဘုရားဖူးများပြားတဲ့နေ့တွေမှာ အဆိုပါနှုန်းထားတွေထက် ပိုမိုတောင်းခံတာတွေရှိနေတယ်လို့ ဘုရားဖူးပြည်သူတချို့က ပြောပါတယ်။

ကျိုက်ထီးရိုး စေတီတော်ရင်ပြင်ပေါ်က တိဿဓမ္မာရုံ၊ ဆီမီး ၉,၀၀၀ ဓမ္မာရုံ၊ ပြည့်စုံ (ရင်ပြင်တော်)၊ ပြည့်စုံ (မုဆိုးတောင်)နဲ့ သုံးထပ်ဓမ္မာရုံတို့ကို အခမဲ့တည်းခိုနိုင်တဲ့ ဓမ္မာရုံတွေအဖြစ် သတ်မှတ်ထား ပြီး ပေ ၄၀ ဓမ္မာရုံ၊ ပွင့်ထူးတည်းခိုဆောင်၊ သုံးထပ်ဓမ္မာရုံ၊ ဂေါပကဓမ္မာရုံ၊ ဝင်းတည်းခိုဆောင်၊ ကြူကြူဝင်း တည်းခိုဆောင်တို့မှာ တစ်ဦးလျှင် ကျပ်ငါးထောင်ကနေ ကျပ်တစ်သောင်းအထိ အခန်းအမျိုးအစားအလိုက် ကောက်ခံဖို့ သတ်မှတ်ထားတယ်လို့ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

Source : 7DayDaily

Photos : Our Blessing Tour,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video