Local News: ဒီဇင်ဘာ ၇ ရက်ကနေ ၁၁ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်

ဒေသအများစုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဒီဇင်ဘာ ၇ ရက်ကနေ ၁၁ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်း အဆင့် ဖြစ်လာနိုင်ပြီး ဒေသအများစုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလား ပင်လယ်အော်မှာ ဒီဇင်ဘာ ၄ ရက်ကစပြီး လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခဲ့ကာ ဒီဇင်ဘာ ၇ ရက်နဲ့  ၈ ရက်တို့မှာ မုန်တိုင်းငယ်၊ ၉ ရက်နဲ့ ၁၀ ရက်မှာ အပူပိုင်းမုန်တိုင်း၊ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

ဒီရက်ပိုင်းတွေထဲမှာ ကချင်ပြည်နယ်ကလွဲရင် အခြားပြည်နယ်နဲ့ဒေသကြီးဒေသကြီးတွေမှာ နေရာကွက်ပြီး အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး တောင်သူတွေအနေနဲ့ ရိတ်သိမ်းပြီး သီးနှံတွေကို အမိုးအကာအောက်ကို ပို့ထားဖို့ ဦးထွန်းလွင်က သတိပေးထားပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အချိန်အခါမဟုတ် မိုးသတိပေးထားသလို မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ အရှေ့ဘက်ကနေ လေပြင်းတွေတိုက်ခတ်ပြီး တစ်နာရီလေတိုက် နှုန်း ၃၅ မိုင်အထိ အားကောင်းနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ