Local News: နမ့်ခမ်းမြို့ထဲမှာ ပစ်ခတ်မှုတွေဖြစ်ပွား

ဒီဇင်ဘာလ ၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာပါ။

play

 

မူဆယ်မြို့နားက ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း နမ့်ခမ်းမြို့မှာ ဒီဇင်ဘာလ ၆ ရက်ညက ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့မှာ တပ်မတော်လုံခြုံရေးယူထားတဲ့ ဒေသအခေါ် စခန်းသစ်နေရာကို ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့အချို့က လာရောက်ပစ်ခတ်ခဲ့တာလို့  မူဆယ် ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်ကြာ နှစ်ဖက်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ နမ့်ခမ်းဒေသခံတွေက ပြောပါတယ်။

နမ့်ခမ်းမြို့က မူဆယ်မြို့နဲ့ ကပ်နေပြီး ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်ကစပြီး မူဆယ်မြို့နယ် ပတ်ဝန်းကျင် ဒေသတွေမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပေမဲ့ နမ့်ခမ်းမြို့မှာ ပစ်ခတ်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေလည်း မရှိခဲ့ဘူးလို့ နမ့်ခမ်းမြို့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ