Local News: အေတီအမ်ကတ်အတုနဲ့ ငွေထုတ်ခဲ့တဲ့ ဘူလ်ဂေးရီးယားနိုင်ငံသားအမှုကို အပြီးသတ် လျှောက်လဲချက် တင်တော့မယ်

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက်တင်တော့မှာပါ။

play

 

ကမ္ဘောဇဘဏ်ရဲ့ အေတီအမ်စက်တွေမှာ စမတ်ကတ်အတုအသုံးပြုပြီး ငွေခိုးထုတ်ခဲ့တဲ့ ဘူဂေးရီးယား နိုင်ငံသားအမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက်တင်တော့မယ်လို့ ကမာရွတ်မြို့နယ် တရားရုံးကနေ သိရပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က အဆိုပါအမှုကို ကမာရွတ်မြို့နယ်တရားရုံးမှာ နှစ်ရက်ဆက်တိုက်စစ်ဆေးခဲ့ပြီး ဘူဂေးရီးယားနိုင်ငံသားရဲ့ အစ်မဖြစ်သူ AlesaoraTaseva နဲ့ ညီမဖြစ်သူ MaliaLache zafova တို့နှစ်ဦးကို တရားခံပြ သက်သေအနေနဲ့ စစ်ဆေးခဲ့တာဖြစ်တယ်လို့ အဆိုပါမြို့နယ် တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဘူဂေးရီယားနိုင်ငံကနေ ရောက်ရှိလာတဲ့အစ်မနဲ့ညီမက တရားခံသက်သေ ထွက်ဆိုချင်တယ်လို့ တင်ပြလာလို ဥပဒေ လမ်းကြောင်းအရ လက်ခံစစ်ဆေးပေးတာပါ၊ နှစ်ဦးလုံးက မြန်မာနိုင်ငံမှာ သူတို့မောင်တော်စပ်သူက ကတ်အတုတွေနဲ့ ငွေခိုးထုတ်ခဲ့တာ မသိကြဘူးလို့ ငြင်းကြပါတယ်”လို့  ကမာရွတ်မြို့နယ် တရားရုံးက ဥပဒေအရာရှိတစ်ဦးက ပြောပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်က လှည်းတန်းစင်တာနဲ့ Junction Square က ကမ္ဘောဇဘဏ်အေတီအမ်စက်ကနေ ငွေကျပ်၁၈ သိန်းကို ကတ်အတုတွေနဲ့ ထုတ်ယူခဲ့တဲ့ ဘူဂေးရီးယား နိုင်ငံသားကို ကျောက်တံတားမြို့နယ် ဆူးလေ ဘုရားလမ်းက CityStar ဟိုတယ်မှာ မြန်မာငွေကျပ် သိန်းနှစ်ရာကျော်အပါအဝင် ငွေထုတ်ယူရာမှာ အသုံးပြုတဲ့ စမတ်ကတ်ပေါင်း ၂၀ဝ ကျော်တို့နဲ့ ဖမ်းမိခဲ့ပြီး ပုဒ်မ သုံးခုနဲ့ တရားဆွဲဆိုထားတာဖြစ်ပါတယ်။

Source : The Voice

Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ