Local News: မုံးကိုးတိုက်ပွဲအတွင်းမှာ ပျောက်ဆုံးခဲ့တဲ့ ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ရှစ်ဦးရဲ့အလောင်းကို ရှာဖွေတွေ့ရှိ

ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး သုံးဦးပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

play
မုံးကိုးမြို့နယ်ရဲစခန်းကို တွေ့ရစဉ်။

 

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ကို အစိုးရတပ်မတော်က ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း မြို့ထဲကို ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ဒီဇင်ဘာလ ၆ ရက်နေ့က မုံးကိုးရဲစခန်းမှူးအပါအ၀င် ရဲအရာရှိ နှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲအရာရှိ တစ်ဦးက ဒီဗွီဘီသတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။

မုံးကိုးရဲစခန်းမှာ ရဲအင်အား ၁၆ ဦးရှိတာကနေ လေးဦးကို အသက်ရှင်လျက်ပြန်ရှာတွေ့ပြီး သုံးဦးပျောက်ဆုံးနေကာ ကိုးဦးကျဆုံးခဲ့တဲ့အပြင် မုံးကိုးရဲစခန်းမှူးရဲ့နေအိမ်ထဲမှာ ရဲတပ်ဖွဲ့ဝင်ဇနီးတစ်ဦးရဲ့ ရုပ်အလောင်းနဲ့ အမည်မသိအရပ်သားဦးရဲ့ ရုပ်အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

မုံးကိုးရဲတပ်ဖွဲ့စခန်းမှာ ရဲတပ်ဖွဲ့ဝင် ၁၆ ဦးရှိရာမှာ အိမ်ထောင်သည်ရဲဝန်ထမ်း ၁၃ ဦးရှိပြီး အဲဒီအိမ်ထောင်သည် ရဲဝန်ထမ်း ၁၃ ဦးကို မှီခိုနေသူ ၅၂ ဦးရှိပြီး မှီခိုနေသူတွေကို စေတနာရှင် ပြည်သူတွေနဲ့ ရဲမိသားစုဝင်တွေက ၀ိုင်းဝန်းထောက်ပံ့ထားတယ်လို့ သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ်မြို့နယ်တွေဖြစ်တဲ့ မူဆယ်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ဘေးရှောင် ၃၀၀၀၀ ကျော် တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Source & Photo : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ