Local News: ရန်ကုန် ယာဉ်ကြောကြပ်တာကို ဖြေရှင်းဖို့ နည်းလမ်းရှစ်ခုနဲ့ ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တိုင်းလွှတ်တော်မှာ ပြောခဲ့တာပါ။

ရန်ကုန်မြို့မှာ အများပြည်သူကြုံတွေ့နေရတဲ့ ယာဉ်ကြောကြပ်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်း ရှစ်ခုနဲ့ဆောင်ရွက်နေတယ် လို့ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဒေါ်နီလာကျော်က ဒီနေ့ကျင်းပခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒီလိုဖြေရှင်းတဲ့နေရာမှာ အများပိုင်ယာဉ်လိုင်းတွေ တိုးချဲ့ပြေးဆွဲဖို့၊ တက္ကစီယာဉ်တွေအတွက် Taxi Stand တွေဆောက်လုပ်ပြီး စနစ်တကျ ထိန်းချုပ်သွားမယ့်အပြင် လိုင်စင်မဲ့ယာဉ်တွေကိုလည်း အရေးယူပြီး CCTV တပ်ဆင်ထားတဲ့ မီးပွိုင့်စနစ်တွေ တပ်ဆင်ထိန်းချုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာ လူဦးရေ ခုနစ်သန်းကျော်ရှိပြီး နေ့စဉ်နေ့တိုင်း လူနှစ်သန်းခွဲကျော်က မော်တော်ယာဉ် စီးနင်းပြီးသွားလာနေလို့ ရေလမ်းကြောင်းနဲ့ ကုန်စည်ပို့ဆောင် ခရီးသွားလာမှုအားနည်းနေတဲ့ ရန်ကုန်မြို့ရဲ့မြစ်ကြောင်းတွေမှာ Water Bus တွေပြေးဆွဲနိုင်ဖို့လည်း တင်ဒါတွေခေါ်ယူနေတယ်လို့ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Source : 7DayDaily

Photo : 7DayDaily

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ