Local News: ဒေါ်အောင်ဆန်းစုကြည်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံ

ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့တယ်။

play

 

 မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးလာရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mrs. Retno LP.Marsudi ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံခဲ့တာဖြစ်ပြီး Mrs. Retno LP.Marsudi ကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

ဝန်ကြီးနှစ်ဦးတွေ့ဆုံမှုမှာ  မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းနှစ်ခုအတွက် လူသားချင်းစာနာထောက်ထားမှု  အကူအညီနဲ့ ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှု အကူအညီတွေ ပေးအပ်ရေးကိစ္စ၊ နှစ်နိုင်ငံကြား ဆက်သွယ်ညှိနှိုင်းမှုတွေ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Photos & Source: 7Day Daily, MOFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ