Local News: ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်မှာ နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှုဖြစ်

, updated

လက်သည်းညှပ်မှာပါတဲ့ ဓားနဲ့ ဝန်ထမ်းအမျိုးသမီးကို ခြိမ်းခြောက်တာ ဖြစ်ပါတယ်။

play

 

ကျောက်တံတားမြို့နယ် ၃၈ လမ်းအလယ်ဘလောက်မှာ  ဖွင့်လှစ်ထားတဲ့ အထည်ဆိုင်ကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီ မိနစ် ၅၀ ခန့်က အမျိုးသားတစ်ဦး ဝင်ရောက်အနုကြမ်းစီးခဲ့ပါတယ်။

မြေညီထပ်မှာ  ဖွင့်လှစ်ထားတဲ့ Stylish အထည်ဆိုင်ကို ဝန်ထမ်းမိန်းကလေးတစ်ဦးတည်းရှိနေစဉ် အမျိုးသားတစ်ဦးက ဝင်ရောက်အနုကြမ်းစီးခဲ့တာဖြစ်ပြီး  လက်ဝတ်လက်စားနဲ့ ဟန်းဖုန်းကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

လက်သည်းညှပ်မှာပါတဲ့ ဓားနဲ့ ဝန်ထမ်းအမျိုးသမီးကို ခြိမ်းခြောက်ပြီး ဆိုင်အတွင်းက ရေချိုးခန်းထဲ  ပိတ်ထားကာ အမျိုးသမီးထံမှ ရွှေလက်စွပ်နှစ်ကွင်း၊ ဆွဲကြိုးတစ်ကုံးနဲ့ လော့ကတ်သီးတစ်ခု၊ ဟန်းဖုန်းတို့ကို ယူဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အနုကြမ်းစီးပြီး ငါးမိနစ်အကြာမှာ ပြန်လည်ထွက်ပြေးသွားတယ်လို့ လမ်းအတွင်း တပ်ဆင်ထားတဲ့ စီစီတီဗွီလုံခြုံရေးကင်မရာတွေမှ ရိုက်ကူးထားမှုကို ကြည့်ပြီး အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Photos & Source: 7Day Daily, စိုင်းဇော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ