Local News: မုံးကိုးတိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင်ကိုးဦး သတ်ခံရပြီး သုံးဦးပျောက်နေ

သေနတ်အရေအတွက် ၄၀ ရှိရာမှ ခုနစ်လက်သာပြန်တွေ့တယ်။

play

 

မုံးကိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မုံးကိုးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်ကိုးဦး အသတ်ခံရကာ သုံးဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့မှာ နိုဝင်ဘာနောက်ဆုံးပတ်မှစတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရဲစခန်းကို ပူးပေါင်းလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ကာ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့တာဖြစ်တယ်လို့   မူဆယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။

မုံးကိုးနယ်မြေရဲစခန်းမှာ M22 အမျိုးအစားအပါအဝင် သေနတ်အရေအတွက် ၄၀ ရှိရာမှ ခုနစ်လက်သာပြန်တွေ့ပြီး ၃၃ လက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

မုံးကိုးမြို့တွင်းကို ဒီဇင်ဘာ ၄ ရက်မှစကာ တပ်မတော်စစ်ကြောင်းက ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပြီး သေဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ