Local News: မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗွီပိုးရှိသူ ထက်ဝက်ခန့်ဟာ ရောဂါရှိကြောင်း စာရင်းသွင်းထားခြင်း မရှိ

လူဦးရေ သန်း ၅၀ ကျော်ထဲက နှစ်သိန်းကျော်လောက် ပိုးရှိနေတယ်လို့ ခန့်မှန်းထားတယ်။

play

 

 မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူ နှစ်သိန်းကျော်အနက် ထက်ဝက်ခန့်ဟာ ရောဂါရှိကြောင်း စာရင်းသွင်းထားခြင်းမရှိတာကြောင့် အေအာတီဆေး မပေးနိုင်သေးဘူးလို့ သိရပါတယ်။

အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးကူးစက်ခံထားရသူ နှစ်သိန်းကျော်မှာ အေအာတီဆေး တိုက်ကျွေးနိုင်သူဦးရေ တစ်သိန်းကျော်သာရှိသေးပြီး ကျန်ထက်ဝက်ခန့်ဟာ စာရင်းပျောက်ဆုံးနေတာကြောင့် ဆေးမပေးနိုင်သေးဘူးလို့လည်း သိရပါတယ်။ 

လူဦးရေ သန်း ၅၀ ကျော်ထဲက နှစ်သိန်းကျော်လောက် ပိုးရှိနေတယ်လို့ ခန့်မှန်းထားပြီး တစ်သိန်းကျော်လောက်ပဲ ဆေးတိုက်နိုင်သေးကာ  တစ်ဝက်လောက်က ကျန်နေသေးတာ ဖြစ်တယ်လို့ သာကေတကူးစက်ဆေးရုံမှ တွဲဖက်ပါမောက္ခဒေါက်တာ မေစံပယ်ဖြူက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ စက်တင်ဘာလကုန်အထိ ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းတွက်ချက်ထားတဲ့ စာရင်းတွေအရ အိတ်ခ်ျအိုင်ဗွီကူးစက်ခံရသူ နှစ်သိန်းကျော်ရှိကာ ပိုးရှိကြောင်း ဆေးရုံ၊ ဆေးခန်းတွေမှာ မှတ်ပုံတင်စစ်ဆေးထားသူဦးရေ တစ်သိန်းနှစ်သောင်းရှိခဲ့ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ