Local News: လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် အတည်ပြု

KIA၊ TNLA နဲ့ MNDAA တို့ကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခဲ့တာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ KIA၊ TNLA နဲ့ MNDAA တို့ကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ကြောင်း ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့တဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဟောင်း ဗိုလ်မှူးကြီး(ငြိမ်း) အောင်သူက အဆိုပါလက်နက်ကိုင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့ ဒီဇင်ဘာ ၆ ရက်က အဆိုတင်သွင်းခဲ့ပြီး တအာင်း (ပလောင်)ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့က ကိုယ်စားလှယ်တချို့က အဆိုကိုဆွေးနွေးဖို့မသင့်ဘူးလို့ ကန့်ကွက်ခဲ့ကြပါတယ်။

play

 

ဒီအဆိုကို လျှို့ဝှက်ဆန္ဒမဲပေး ဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိတဲ့ ကိုယ်စားလှယ်ပေါင်း ၁၁၅ ဦးမှာ ထောက်ခံမဲ ၆၃ မဲ (၅၄ ရာ ခိုင်နှုန်းကျော်)၊ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေ ခုနစ်မဲရရှိခဲ့ပြီး ဒီဆုံးဖြတ်ချက်က မြန်မာ့တပ်မတော်ရဲ့ သဘောထားလို့ပဲ နားလည်တယ်လို့ တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောပါတယ်။

ဒီထုတ်ပြန်ချက်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူမပြုတဲ့အပြင် လတ်တလောဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို အဟန့်အတား အနှောင့်အယှက် တော်တော်ဖြစ်လိမ့်မယ်လို့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင် ဦးမောင်မောင်စိုးက ပြောပါတယ်။

Source : 7DayDaily

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ