Local News: မော်တော်ကားတင်သွင်းမယ့်သူတွေကြောင့် ဒေါ်လာဈေး စံချိန်တင်မြင့်တက်

ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ၁,၃၇၆ ကျပ်အထိ မြင့်တက်နေပါတယ်။

play

 

ကားတင်သွင်းမှုတွေအတွက် လိုင်စင်လျှောက်ထားတဲ့ကိစ္စတွေအတွက် အဝယ်များလာလို့ အမေရိကန်ဒေါ်လာတန်ဖိုးက ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို  ၁,၃၇၆ ကျပ်အထိ စံချိန်တင်မြင့်လာတယ်လို့ ငွေကြေးဈေးကွက်ထဲက နေသိရပါတယ်။

တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းတဲ့ မူဝါဒအဟောင်းနဲ့ ကားတင်သွင်းမှုကို ဒီဇင်ဘာ ၂၃ ရက် နောက်ဆုံးထားပြီး လိုင်စင်လျှောက်ထားရမယ့်ရက်ကို ဒီဇင်ဘာ ၆ ရက်မှာ သတ်မှတ်ခဲ့ပြီးနောက်  နောက်တစ်ရက်မှာ ဒေါ်လာဈေးက ပြင်ပဈေးကွက်မှာ စံချိန်တင်မြင့်တက်လာကာ ဒီဇင်ဘာ ၆ ရက်မှာ တစ်ဒေါ်လာကို ၁,၃၆၅ ကျပ်ကနေ နောက်တစ်ရက်မှာ ၁,၃၇၆ ကျပ်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

play

 

‘‘ကားသမားတွေ အဝယ်များလို့ တက်လာတာပါ။ လိုင်စင်လျှောက်ဖို့အတွက် ဒီရက်ပိုင်း ကားသမားအဝယ်များတယ်"လို့  မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပြင်ပဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေး မြင့်တက်နေပေမဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ရောင်းဈေးက တစ်ဒေါ်လာကို  ၁,၃၂၅ ကျပ်လောက်ပဲရှိနေလို့ ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းက တစ်ဒေါ်လာကို ၁,၃၁၀ ကျပ်လောက်ဖြစ်နေလို့ ပုဂ္ဂလိကဘဏ်တွေက ဈေးနှုန်းမြှင့်မရောင်းချနိုင်ဘဲ ဒေါ်လာအရောင်းကို လူတစ်ဦးအတွက် ပမာဏအနည်းငယ်ပဲ  ရောင်းချပေးနေတယ်လို့ ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

Source : 7DayDaily

Photos : BBc,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ