Local News: ကမ်းနားလမ်းမှာ ကွန်တိန်နာယာဉ်တွေ တန်းစီရပ်ထားလို့ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်

ကားတွေစုပြုံပြီး ဆိပ်ကမ်းဝင်းထဲကို ဝင်မရလို့ ဖြစ်ခဲ့တာပါ။

play

 

မောင်းနှင်ဖို့ ခွင့်ပြုချိန် ကုန်ဆုံးသွားလို့ဆိုပြီး ကွန်တိန်နာယာဉ်တွေကို ရန်ကုန်မြို့ကမ်းနားလမ်း မြို့ထဲကိုသွားတဲ့ လမ်းမပေါ်မှာ တန်းစီရပ်ထားလို့ ဒီနေ့မနက်ပိုင်းက ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွားရွားဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

play

 

ကွန်တိန်နာယာဉ်တွေကို လမ်းပေါ်မှာ ရပ်နားထားတာက ဆန္ဒပြတာမဟုတ်ဘဲ ကွန်တိန်နာယာဉ်တွေကို ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး ည ၉ နာရီကနေ မနက် ၆ နာရီအထိပဲ လမ်းတွေပေါ်မှာ မောင်းနှင်ဖို့ တိုင်းအစိုးရက အချိန်ကန့်သတ်လိုက်တာကြောင့် ကားတွေစုပြုံပြီး ဆိပ်ကမ်းဝင်းထဲကို ဝင်မရလို့ ရပ်နားထားရတာဖြစ်တယ်လို့ ကွန်တိန်နာယာဉ်မောင်းတွေက ပြောပါတယ်။

play

 

ကုန်တင်ကုန်ချဝင်းတွေထဲကို အဝင်ယာဉ်ကြောပိတ်ဆို့မှုက မနက် ၄ နာရီကတည်းက စတင်ဖြစ်ပွားခဲ့ပြီး မနက် ၁၀: ၃၀ အချိန်အရောက်မှာ Asiaworld ဗိုလ်အောင်ကျော် ဆိပ်ကမ်းကနေ  ဘုရင့်နောင်လမ်းမအထိ ကမ်းနားလမ်းတစ်လျှောက် ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

Source : 7DayDaily

Photos : Kyaw Zin Than (7DayDaily)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ