Local News: မုန်တိုင်းငယ် အားပိုကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာ

ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာနိုင်ခြင်းနဲ့ကမ်းရိုးတန်းဒေသမှာ လေပြင်းတွေ သတိထားဖို့ကလွဲပြီး မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ်သိသိသာသာ မကြီးမားဘူး။

play

 

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်ဟာ အားပိုကောင်းလာပြီး အိန္ဒိယနိုင်ငံကမ်းခြေသို့ ၀င်ရောက်နိုင်တယ်လို့  ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဒီဇင်ဘာ ၈ ရက် နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း ဗာဒတ်ရှ်’(VARDAH) အမည်တပ် မုန်တိုင်းဖြစ်လာကာ ဒီဇင်ဘာ ၁၂ ရက်ညနဲ့ ၁၃ ရက် မနက်အစောပိုင်းမှာ အိန္ဒိယနိုင်ငံကမ်းခြေသို့ ၀င်ရောက်နိုင်တာ ဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းနဲ့ဝေးပြီး ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာနိုင်ခြင်းနဲ့ကမ်းရိုးတန်းဒေသမှာ လေပြင်းတွေ သတိထားဖို့ကလွဲပြီး မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ်သိသိသာသာ မကြီးမားဘူးလို့ ဒေါက်တာထွန်းလွင်က ပြောထားပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း ‘ဗာဒတ်ရှ်’ (VARDAH) ဟာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၃၀ ခန့်၊ အိန္ဒိယနိုင်ငံ ဗီဇာကာ ပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၅၆၀ ခန့်၊ မာချီလီပတ္တနမ်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၆၁၀ ခန့်၊ ပို့ဘလဲယားမြို့ရဲ့ အနောက်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့  ဒီဇင်ဘာ ၈ ရက်ညက မိုးဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Photos & Source: 7Day Daily, ဒေါက်တာထွန်းလွင် (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ