Local News: ရှမ်းမြောက်ကို အင်အား ၂၀၀၀ အသုံးပြုပြီး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့

စစ်ကူတပ်တွေ မရောက်ရှိစေဖို့ စစ်ကြောင်းတွေကို နေရာဖြန့်ခွဲ ပိတ်ဆို့ဖြတ်တောက်ရေးအတွက် အင်အား ၅၀၀ ခန့်သုံးတယ်လို့လည်း ဖော်ပြပါတယ်။

play

 

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိ တပ်စခန်းတွေ၊ ရဲ စခန်းတွေနဲ့ ကင်းစခန်းတွေကို KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေက အင်အားနှစ်ထောင်ခန့် အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က ဒီဇင်ဘာ ၇ ရက်က သတင်းထုတ်ပြန်ပါတယ်။

play

 

တပ်စခန်းတွေ၊ ရဲစခန်းတွေ၊ ရဲကင်းတွေနဲ့ လုံခြုံရေးကင်းစခန်းတွေကို  တိုက်ခိုက်ရေးအင်အား ၁,၅၀၀ ခန့်၊ တပ်မတော်ရဲ့စစ်ကူတပ်တွေ မရောက်ရှိစေဖို့ စစ်ကြောင်းတွေကို နေရာဖြန့်ခွဲ ပိတ်ဆို့ဖြတ်တောက်ရေးအတွက် အင်အား ၅၀၀ ခန့်၊ စုစုပေါင်းအင်အား ၂,၀၀၀ ခန့် အင်အားသုံး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play

 

လေးဖွဲ့စလုံး ပူးပေါင်းတိုက်ခိုက်တာ ရှိပေမဲ့ အင်အားက ပြောသလို ထောင်ဂဏန်းလောက်တော့ မသုံးပါဘူးလို့ TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၈ ရက်ညက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအပါအဝင် အစိုးရလုံခြုံရေး တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့ကာ ကုန်သွယ်ရေးလုပ်ငန်းတွေလည်း ရပ်တန့်ခဲ့ပါတယ်။

Source: 7Day Daily
Photos : MOI, Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ