Local News: မုံးကိုးတိုက်ပွဲတွင်း ပျောက်ဆုံးရဲတပ်သား သုံးဦးကို သေလျက်ပြန်တွေ့

ကျန်ရစ်သူ မိသားစုဝင်တွေကို ရဲတပ်ဖွဲ့ကနေ ကူညီထောက်ပံ့မှုတွေ ဆက်တိုက်လုပ်ပေးနေပါတယ်။

play

 

မုံးကိုးမြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။ အစိုးရရဲ့ ဒီဇင်ဘာ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ မုံးကိုးနယ်မြေရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၁၆ ဦးရှိတဲ့အနက် ကိုးဦးသေဆုံးပြီး လေးဦးပြန်လည်လွတ်မြောက်ကာ သုံးဦးပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ယခုအခါ ပျောက်ဆုံးနေသူသုံးဦးရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားထားတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေသူတွေကို တပ်မတော်စစ်ကြောင်းကနေ လိုက်လံရှာဖွေရာမှာ သေဆုံးလျက် ပြန်တွေ့ခဲ့ပြီး ကျန်ရစ်သူ မိသားစုဝင်တွေကို ရဲတပ်ဖွဲ့ကနေ ကူညီထောက်ပံ့မှုတွေ ဆက်တိုက်လုပ်ပေးနေပါတယ်လို့  ရဲမှူးကြီးအောင်မြတ်မိုးက ပြောထားပါတယ်။

ပြန်တွေ့တဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးဟာ ရဲအရာခံ စန်းတင့်၊ ရဲတပ်ကြပ်ကြီး ဖိုးလုံး၊ ရဲတပ်သား ကျော်ဆန်းဝင်းတို့ဖြစ်ကြောင်း သိရပါတယ်။

Photos & Source: 7Day Daily, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ