Local News: ရန်ကုန်တိုင်းထဲက ဖောင်းပွနေတဲ့ စီမံကိန်းတွေ ပြန်လည်စိစစ်မယ်

ရေးဆွဲထားတဲ့ စီမံကိန်းတွေကို စိစစ်ပြီး ပြန်လည်ပြုပြင်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့လာမယ့် ၂ဝ၁၇­-၁၈ ဘဏ္ဍာနှစ်မှာ အသုံးပြုမယ့် ဘတ်ဂျက်တောင်းခံမှုတွေနဲ့ပတ်သက်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး ဖောင်းပွနေတဲ့ စီမံကိန်းတွေကို ပြန်လည်စိစစ်သွားမယ်လို့ သိရပါတယ်။

တိုင်းအစိုးရရဲ့ ၂ဝ၁၇­-၁၈ ဘဏ္ဍာရေးနှစ် အရအသုံးမှန်းခြေ ငွေစာရင်း လျာထားချက်ကို ဆွေးနွေးခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောကြားခဲ့ပြီး လာမယ့်နှစ်အတွက် ဘတ်ဂျက်လျာထားချက်ကို  ပြန်လည်စိစစ်ပြီး ဒုတိယလျာထားချက် မူကြမ်းပြန်လည်ရေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

play

 

လာမယ့် ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးထဲမှာ သိန်းတစ်ထောင်ကုန်ကျမယ့် တံတားခြောက်စင်း၊ ကျပ်သိန်း လေးထောင်တန် တံတားတစ်စင်းနဲ့ သိန်း ထောင့်ခုနှစ်ရာတန် တံတားတစ်စင်းတည်ဆောက်ဖို့ တင်ပြထားတာဖြစ်ပြီး ရေးဆွဲထားတဲ့ စီမံကိန်းတွေကို စိစစ်ပြီး ပြန်လည်ပြုပြင်သွားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်း အစိုးရသစ်ရဲ့ ဘတ်ဂျက်အသေးစိတ်စာရင်းမှာ လူကူးခုံးကျော်တံတား တည်ဆောက်ရာမှာ လွန်ခဲ့တဲ့နှစ်က ကျပ်သန်းနှစ်ရာခန့်ကုန်ကျခဲ့တာကိုလာမယ့်နှစ်စာရင်းမှာ တံတားတစ်စင်းကိုကျပ်သန်း တစ်ထောင်စီအထိစာရင်း တင်ထားပြီး မြို့သစ်စီမံကိန်း လေးခုတည်ဆောက်ရေးအတွက် စီမံကိန်း တစ်ခုချင်းစီကိုကွင်းဆင်းလေ့လာစရိတ် ကျပ်၁ဝ သန်း တင်ပြထားလို့ မလျော်ကန်တဲ့ အချက်တွေကိုတွေ့နေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

Source : 7DayDaiy,The Voice

Photo : Nationmedia

Video : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ