Local News: အများပိုင်ယာဉ်လိုင်းတွေ သတ်မှတ်ပေးတဲ့ ယာဉ်လိုင်းနံပါတ်နဲ့ပဲ ပြေးဆွဲရမယ်

လိုင်းပေါင်း ၆ဝ လောက်နဲ့ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်မြို့မှာ စနစ်သစ်နဲ့ပြေးဆွဲမယ့် အများပိုင်ဘတ်စ်ကားလိုင်းတွေမှာ ပြေးဆွဲမယ့်ယာဉ်တွေအနေနဲ့ သတ်မှတ်ပေးတဲ့ ယာဉ်လိုင်းနံပါတ်နဲ့ပဲ ပြေးဆွဲခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာလ ၈ ရက်က ရန်ကုန်မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့တဲ့ သက်ဝင်လှုပ်ရှား ရန်ကုန်မြို့လမ်းမများ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ပြည်သူအများစုစီးတဲ့လမ်းမတွေမှာ ယာဉ်လိုင်း လေးငါးခုလောက်က အလုအယက်တင်နေတာ မြင်ရတယ်။ ကားတွေက တစ်စီးချင်း တစ်ယောက်ချင်း ပိုင်တဲ့အတွက်ဒီ အခြေအနေကခုချိန်မှာ ဖြေရှင်းဖို့ခက်တယ်။ ဒါပေမဲ့မကြာခင်အချိန်မှာ အများပိုင် ဘတ်စ်ကားလိုင်းမှာ သတ်မှတ်ထားတဲ့လိုင်းနံပါတ်ကိုပဲ ပြေးဆွဲစေမှာပါ”လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာ မော်တော်ယာဉ်ငါးသိန်းကျော်ရှိပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက်ခရီးသွား ပြည်သူတွေ အဆင်ပြေစေဖို့ ဆောင်ရွက်သွားမှာဖြစ်ကာ ရန်ကုန်မြို့မှာ အများပြည်သူစီးနင်းနေတဲ့ နံပါတ်တပ်ယာဉ်လိုင်း ၃ဝဝ ကျော်ရှိပြီး နောက်ပိုင်းမှာ ရန်ကုန်တစ်မြို့လုံးကို သွားလာရေးအတွက် လိုင်း နံပါတ် ၆ဝ လောက်နဲ့ပဲ ပြေးဆွဲဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှု(ဗဟို)ကော်မတီ (မထသ) လက်အောက်မှာ ယာဉ်လိုင်း ၃၅၉ လိုင်းရှိပြီး မှတ်ပုံတင်ယာဉ် ၇၈၅၉ စီးရှိကာ နေ့စဉ်ယာဉ် ၄ဝဝဝ ကျော်ထွက်ရှိပြီး ခရီးသည် ၂ ဒသမ ၈ သန်းကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Source : The Voice

Photos : BRT

အများပိုင်ဘတ်စ်ကားလိုင်းတွေ ပြေးဆွဲရင် အောင်မြင်မယ်လို့ ထင်ပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ