Local News: ရန်ကုန်မြို့တွင်းလေးမြို့နယ်မှာ ဈေးပြန်ရောင်းရဖို့ လမ်းဘေးဈေးသည်တွေ တောင်းဆို

ညဈေးတန်းမှာ ခြစားမှုတွေကို ပြန်လည်စိစစ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

play

 

ရန်ကုန်မြို့တွင်းလေးမြို့နယ်ဖြစ်တဲ့ ကျောက်တံတား၊ လမ်းမတော်၊ လသာနဲ့ ပန်းပဲတန်းမြို့တွေက လမ်းမတွေပေါ်မှာ ဈေးရောင်းချနေတာကနေ ဖယ်ရှားခံခဲ့ရတဲ့ လမ်းဘေးဈေးသည်တွေထဲက ဈေးသည် ၁၀၀ လောက်က အရင်နေရာတွေမှာ စည်းကမ်းရှိရှိ ပြန်လည်ဈေးရောင်းချခွင့်ပေးဖို့ ဒီနေ့ (ဒီဇင်ဘာ ၉ ရက်) မနက်ပိုင်းမှာ မော်တင်ခုံးကျော်တံတားကနေ စတင်ပြီး မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်ဆန္ဒပြ တောင်းဆိုနေတယ်လို့ သိရပါတယ်။

play

 

လမ်းဘေးဈေးသည်တွေက သူတို့ အရင်ရောင်းချနေတဲ့ နေရာတွေမှာ စည်းကမ်းရှိရှိ ပြန်လည်ရောင်းချခွင့်ပေးဖို့နဲ့ ညဈေးတန်းမှာ ခြစားမှုတွေကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်းမြို့နယ် လေးခုက အဓိကလမ်းမကြီး ၁၁ ခုပေါ်မှာ ဈေးရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေကို နိုဝင်ဘာ ၃၀ ရက်ကစပြီး ပြောင်းရွှေ့ခိုင်းခဲ့ကာ မြို့တွင်းမြို့နယ်လေးခုမှာ လမ်းဘေးဈေးသည် ခြောက်ထောင်ကျော်ရှိပေမဲ့ အသစ်ဖွင့်လှစ်လိုက်တဲ့ ကမ်းနားလမ်းညဈေးတန်းမှာ ဈေးသည် တစ်ထောင့်ခြောက်ရာကျော်ကိုပဲ နေရာချထားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Kyaw Zin Than(7DayDaily)

ဈေးသည်ကို မြို့တွင်းလမ်းမကြီးတွေမှာ ဈေးပြန်ရောင်းခွင့်ပြုသင့်ပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ