Local News: ၂၁၀၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အချိန်စာရင်းထွက်ပြီ

မတ်လ ၈ ရက်နေ့မှာ စတင်ဖြေဆိုရမှာ ဖြစ်ပါတယ်။

play

 

၂၀၁၇ ခုနှစ် မတ်လမှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲတွေအတွက် အချိန်စာရင်းကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲတွေကို ၂၁၀၇ ခုနှစ် မတ်လ ၈ ရက်နေ့မှာ စတင်ဖြေဆိုရမှာ ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ၀င်ရောက်ဖြေဆိုသူ ခြောက်သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ နှစ်သိန်းနီးပါးရှိကာ အောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရှိခဲ့တယ်လို့သိရပါတယ်။

Source & Photo : The Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ