Local News: သက်ငယ်မုဒိမ်းမှုကျူးလွန်သူတစ်ဦးကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ် ၂၀ ချမှတ်

မုဒိမ်းမှုရဲ့အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ချမှတ်ခဲ့တာပါ။

play

 

ပဲခူးတိုင်း၊ ပြည်မြို့မှာ အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သားမယားပြုကျင့်ခဲ့တဲ့ အသက်(၄၃)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၉ ရက်က မုဒိမ်းမှုရဲ့အမြင့်ဆုံးပြစ် ဒဏ်အဖြစ် ထောင်အနှစ် ၂၀ ချမှတ်ခဲ့တယ်လို့ ပြည်ခရိုင်တရားရုံးကနေ သိရပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ အသက်(၄၃)နှစ်အရွယ် အမျိုးသားက တရားစွဲဆိုမခံရခင်အချိန်တုန်းက ပြည်မြို့ ခမ်းရတနာ ရှမ်းသာသနာပြု ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင် ဆရာတော်အဖြစ် ၀ါတော် ၁၉ ၀ါအထိ သီတင်းသုံး နေထိုင်ခဲ့သူဖြစ်တယ်လို့ ပြည်မြို့မရဲစခန်းကနေ သိရပါတယ်။

‘‘တရားရုံးတင်စစ်ဆေးတာ နှစ်နှစ်လောက် ကြာတယ်။ မုဒိမ်းမှု ပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ် ဒဏ်ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့တယ်။ သာသနာညှိုးနွမ်းစေမှုက ပြစ်ဒဏ် နှစ်နှစ်ပါချမှတ်တယ်။ တစ်ပေါင်းတည်း ကျခံစေတဲ့အတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ကျခံရမှာဖြစ်ပါတယ်’’လို့ တရားလို အကျိုးဆောင်တရား လွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောပါတတယ်။

အဆိုပါ ဘုန်းတော်ကြီးက ၂၀၁၄ စက်တင်ဘာလက ဘုန်းကြီးကျောင်းမှာဖွင့်လှစ်ထားတဲ့ ပရဟိတမူလတန်းလွန်ကျောင်းကို လာရောက်ပညာသင်ကြားနေတဲ့ အသက်(၁၂)နှစ်အရွယ် မိန်းကလေးရဲ့ ခြေနဲ့လက်တို့ကို ကြိုးဖြင့်တုပ်ပြီး သားမယားပြုကျင့်ခဲ့လို့ ကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးက တရားလိုပြုတိုင်ကြားခဲ့လို့ မုဒိမ်းမှုပုဒ်မ ၃၇၆ နဲ့ သာသနာညှိုးနွမ်း စေမှုဆိုင်ရာပုဒ်မ ၂၉၅ အရပါ သာသနာရေးဦးစီးဌာနက တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ