Local News: စီးပွားရေး ဗီဇာသက်တမ်း တစ်နှစ်အထိ ခွင့်ပြုပြီ

သက်ဆိုင်ရာသံရုံးတွေမှာ တစ်နှစ်အထိတိုးမြှင့်လျှောက်ထားနိုင်ပြီလို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံကို စီးပွားရေး ဗီဇာနဲ့လာရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ဗီဇာသက်တမ်းကို သက်ဆိုင်ရာသံရုံးတွေမှာ တစ်နှစ်အထိတိုးမြှင့်လျှောက်ထားခွင့်ပြုလိုက်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနကနေ သိရပါတယ်။

“သက်ဆိုင်ရာ သံရုံးတွေက သုံးလနေ အကြိမ်ကြိမ်ဝင်ထွက်ခွင့်၊ ခြောက်လနေ အကြိမ်ကြိမ်ဝင်ထွက်ခွင့်၊ တစ်နှစ်နေ အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာအမျိုးမျိုး လျှောက်ထားမှုကိုပေးနိုင်ပြီ။ အရင်က ဗီဇာသက်တမ်း ရက် ၇၀ ပဲ ပေးနိုင်တယ်။ အခုသုံးမျိုးပေးနိုင်တယ်"လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

play

 

အရင်တုန်းကတော့ စီးပွားရေး ဗီဇာတွေကိုသက်ဆိုင်ရာ သံရုံးတွေမှာ ရက်ပေါင်းခုနစ်ဆယ်ပဲလျှောက်ထားခွင့်ပေးထားတာဖြစ်ပေမဲ့ မြန်မာနိုင်ငံကို လာရောက်လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဝင်ရောက်ခွင့်အတွက် ဒီဇင်ဘာလကစတင်ပြီး ဖြေလျှော့ခွင့်ပြုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဦးဆုံးဝင်ရောက်မယ့်သူတွေကိုပဲ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို စီးပွားရေးလုပ်ငန်းဗီဇာနဲ့ နိုင်ငံပေါင်း ၅၀ ကိုဝင်ရောက်ခွင့်ပြုထားပြီး အွန်လိုင်းက တစ်ဆင့်လျှောက်ထားနိုင်ကာ မြန်မာနိုင်ငံမှာ နေခွင့်ကာလ ရက်ပေါင်း ခုနစ်ဆယ်အတွက် အမေရိကန်ဒေါ်လာ ၅၀၊ နေခွင့်ကာလ သုံးလအတွက် အမေရိကန်ဒေါ်လာ ၂၀ဝ၊ နေခွင့်ကာလ ခြောက်လအတွက် အမေရိကန်ဒေါ်လာ ၄၀ဝ၊ နေခွင့်ကာလ တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ၆၀ဝ ကောက်ခံနေတယ်လို့ သိရပါတယ်။

Source : The Voice

Photos : Consult Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ