Local News: စိတ်ကြွဆေးပြား ၁၄ သန်းကျော် သယ်လာတဲ့ကုန်ကား ပြည်မြို့မှာဖမ်းဆီးရမိ

ဒီဇယ်ပေပါတွေအောက်မှာ အံဝှက်လုပ်ပြီးသယ်ဆောင်လာတာဖြစ်ပါတယ်။

စိတ်ကြွဆေးပြား ဆယ့်လေးသန်းကျော်ကို ဆီပေပါတွေထဲထည့်ပြီးသယ်လာတဲ့ ကုန်ကားတစ်စီးကို ပြည်- တောင်ကုတ်ကားလမ်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မနက်ပိုင်းက ပြည်မြို့ကနေ တောင်ကုတ်ဘက်ကို မောင်းသွားတဲ့ ကုန်ကားပေါ်မှာ ဖမ်းမိတာဖြစ်ပြီး ကားပေါ်မှာတင်လာတဲ့ ဆီပေပါ ၁၈ လုံးထဲက ၁၅ လုံးမှာ စိတ်ကြွဆေးပြားတွေထည့်သွင်းသယ်ဆောင်လာတာဖြစ်ကာ ကျန်သုံးလုံးထဲမှာတော့ ဒီဇယ်တွေထည့်ထားတာလို့ ဆိုပါတယ်။

play

 

မူးယစ်ဆေးဝါးတွေကို ဆီပေပါ ၁၅ လုံးထဲမှာ ဂဟေဆော်ပြီး ဆီပေပါအောက်မှာ အံဝှက်လုပ်ထည့်သွင်းလာတာဖြစ်ပြီး ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်ရဲ့ နယ်စပ်စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာလို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက ပဲခူးတိုင်းဒေသကြီးထဲမှာ စံချိန်တင်ဖမ်းမိခဲ့တာဖြစ်ပြီး ဖောအမျိုးအစားကုန်တင်ကားပေါ်မှာ ပါလာတဲ့ အမျိုးသားလေးဦးကို ဥရှစ်ပင်နယ်မြေရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source & Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ