Local News: မုံကိုးမြို့အနီး နယ်မြေရှင်းလင်းရာမှ အရပ်သားအလောင်း ခုနှစ်လောင်းတွေ့

ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သားဦးရေ အနည်းဆုံး ၂၀ ရှိတယ်။

play

 

မုံးကိုးမြို့အနီးတစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့ရာမှာ အရပ်သားအလောင်းခုနစ်လောင်းတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ယခုလို အရပ်သားအလောင်းတွေ ထပ်မံတွေ့ရှိမှုကြောင့်  ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားရာက သေဆုံးခဲ့တဲ့ အရပ်သားဦးရေ အနည်းဆုံး ၂၀ ရှိခဲ့ပြီးဒဏ်ရာရသူ ၅၀ ဦးခန့်ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်က မုံးကိုး မြို့တွင်းနဲ့ အနီးတစ်ဝိုက်မှာ အရပ်သားအလောင်း ခုနစ်လောင်းအပြင် သေနတ်တွေ၊ ကျည်တွေ၊ ဗုံးသီးတွေ၊ RPG ဒုံးသီးနှစ်လုံး၊ တိုက်မိုင်း တစ်လုံးနဲ့ လမ်းလျှောက်စကားပြောစက် နှစ်လုံး၊ မိုင်းရှာစက် တစ်လုံး၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို တပ်မတော်စစ်ကြောင်းက ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရက်ပေါင်း ၂၀ ကြာမြင့်နေပြီဖြစ်တဲ့ ရှမ်းမြောက်ဒေသတိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေအပြင် အရပ်သားသေဆုံးထိခိုက်မှု၊ ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ